ယူကေ ပြည်ဝင်ခွင့်ဗီဇာကြေးများ April 6, 2012 မှစ၍ ထပ်မံတိုးမြင့်ရန် စီစဉ်ဆောင်ရွက်နေ
college-loans-consolidation
ယူကေလူဝင်မှု့ကြီးကြပ်ရေးဝန်ကြီး Damian Green မှ ဗီဇာကြေးများကိုထပ်မံတိုးမြှင့်ရန် ပါလီမန်သို့ တင်ပြ ထား ပြီး၊ ပါလီမန်မှ အတည်ပြုပါက လာမည့် April 6, 2012 မှစ၍ သက်ရောက်မည်ဖြစ်ကြောင်း  UKBA သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ CROWN Education မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်၊၊
ယူကေအစိုးရအနေဖြင့် ဗီဇာကြေးများကို အခါအားလျှော်စွာ ပြန်လည်သုံးသတ်ပြီးပြင်ဆက်လျှက်ရှိရာ  လူဝန်မှု့ ကြီးကြပ်ရေးစနစ်ကိုအသုံးပြုနေသူများမှ အဆိုပါကုန်ကျစရိတ်များကို ကျခံစေခြင်းဖြင့် ယူကေမှ အခွန်ဆောင်နေသူများ၏ ၀န်ထုတ်ဝန်ပိုးကိုလျှော့ကြစေရန်ဖြစ် ကြောင်းဖေါ်ပြခဲ့ သည်၊၊
ဗီဇာကြေးအများစုကို ၂%ရာခိုင်နူန်းသာ တက်ရောက်ရန်တင်ပြခဲ့ပြီး၊ အချို့ သော ဗီဇာကြေးများအတွက်မှု ၅၀% အထိ ပိုမိုပေးဆောင်ရဖွယ်ရှိသည်၊၊ အဆိုပါဗီဇာကြေးများထပ်မံတိုးမြှင့်ရန်တင် ပြချက်များနှင့် ပတ် သက်၍ အသေး စိတ်အချက် အလက်များကို UKBA ၀က်ဆိုက်တွင်တင်ပြထားပါသည်၊၊
“လောလောဆယ်မှာတော့ သြစတြေလျဗီဇာကြေးကအမြင့်ဆုံးဖြစ်ပြီး၊ ယူကေဗီဇာကြေးက ဒုတိယနဲ့  ဗီဇာကြေးသက်သက်ဆိုရင်၊ အမေရိကန်ဗီဇာကြေးက ဒီသုံးနိုင်ငံထဲမှ အသက်သာဆုံးဖြစ်ပါတယ်၊၊ အခုပါလီမန်ကို တင်ပြထားတဲ့အချက်အတည်ဖြစ်သွားမယ်ဆိုရင် ကျောင်းသားဗီဇာလျှောက်ထားတဲ့သူတွေ အတွက် လက်ရှိ £255 ကနေ £289 အထိတိုးမြှင့်ပေးဆောင်ရဖွယ်ရှိပါတယ်” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အဆိုပါထုတ်ပြန်ချက်ကိုကိုးကား၍ ပြောကြားသည်၊၊
BTech နှင့် BE ဆက်လက်တက်ရောက်ရန် အမှတ် မမှီခဲ့သည့် ကျောင်းသားများအတွက် စင်္ကာပူ၊ သြစတြေလျနှင့် အင်္ဂလန်အင်ဂျင်နီယာဘွဲ့ များ အကြောင်း ဆွေးနွေးမည်
header
ကနေဒါနိုင်ငံမှ ချီးမြင့်မည့် လေယဉ်မောင်၊ လေယဉ်မယ်သင်တန်း (Airline Cabin Crew Certificate) SINGAPORE EDUCATION ROADSHOW 2012 တွင်ပါဝင်ပြသမည်၊၊
Ariline-Desgin2
၁၉၁၉ တွင်စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့လေကြောင်းလိုင်း ၂၃၀ ကျော်ကိုကိုယ်စားပြုသော International Air Transport Association မှ ပေးအပ်မည့် နိုင်ငံတကာအသိအမှတ်ပြု Airline Cabin Crew Certificate ဘာသာရပ်အကြောင်းကို SINGAPORE EDUCATION ROADSHOW 2012 တွင်ပါဝင်ပြသမည်ဖြစ်ကြောင်း အဆိုပါ ROADSHOW ကိုစီစဉ်သည့် CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊
အဆိုပါသင်တန်းကို စင်္ကာပူနိုင်ငံရှိ Tourism Management Institute of Singapore တွင် တက်ရောက်သင်ယူရမည် ဖြစ်ပြီး သင်တန်းကာလ (၆) လကြာမြင့်မည်ဖြစ်ပါသည်၊၊ IATA Airline Cabin Crew Certificate သည် နိုင်ငံတကာ လေကြောင်းလိုင်းများတွင် အလုပ်အကိုင်လျှောက်ထားရာတွင် တောင်းဆိုလေ့ရှိသော လက်မှတ်တစ်ခုဖြစ်ပြီး၊ အတွေ့  အကြုံ ရှိသောဆရာများမှ ခေတ်မှီ သင်ထောက်ကူပြုပစ္စည်းများဖြစ်သော Cabin Simulator, Door Trainers နှင့် Evaculation Slides များကို အသုံးပြုလျက်လေ့ ကျင့်သင်ကြားပေး မည်ဖြစ်ပါသည်၊၊
Program တိုင်း အတွက် ၁၀၀% ပညာသင် ထောက်ပံ့ ကြေး ပေးအပ်မည့် SAA Global Education
cyber-security-book-cover
စင်ကာပူနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအဖွဲ့ အစည်း၏ လေ့ကျင့်ရေးဌာနခွဲတစ်ခုဖြစ်သော SAA Global Education မှ မြန်မာနိုင်ငံကျောင်းသူကျောင်းသားများအတွက် ၂၀၁၂ တွင် SAA  Global Education တွင် သင်ကြားပေးလျှက်ရှိသည့် ဘာသာရပ်တိုင်းအတွက် ၁၀၀% ပညာသင်ဆုများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ရာ စိတ်ဝင်စားသောကျောင်း သားကျောင်းသူများအနေဖြင့်၊ ဖေဖေါ်ဝါရီ (၁၇)ရက်၊ သောကြာနေ့ တွင်၊ ရန်ကုန်မြို့   Summit Parkview Hotel တွင်ကျင်ပပြုလုပ်မည့် SINGAPORE EDUCATION ROADSHOW 2012 တွင်လာ ရောက်လျှောက် ထားနို်င်ကြောင်း သိရ သည်၊၊
ပညာသင်ဆု ၁၀၀% လျှောက်ထားနိုင်သောဘာသာရပ်များမှာ
I    Diploma in Economics (University of LONDON)
II. Degree
(1)    BSc(Hons) Accounting & Finance
(2)    BSc(Hons) Accounting with Law
(3)    BSc(Hons) Banking and Finance
(4)    BSc(Hons) Business
(5)    BSc(Hons) Economic & Management
III. Certified Accounting Technician / Foundation in Accounting
University of Buckingham ပညာသင်ထောက့်ပံ့ကြေးစာမေးပွဲ ၀င်ရောက်ဖြေဆိုနိုင်
featured-image-2
စင်္ကာပူနိုင်ငံ၏ The National Body for Sales and Marketing ကျောင်းဖြစ်သော Marketing Institute of Singapore မှ စီးမံခန့် ခွဲမှု့ နယ်ပယ်တွင် အလုပ်လုပ်ကိုင် လိုသော ကျောင်းသူကျောင်း သားများ၊ လုပ်ငန်းရှင်လူငယ်လူလတ်ပိုင်းများအတွက် University of Buckingham မှပေးအပ်ချီးမြှင့်မည့်  MBA ပရိုဂရမ် များအတွက်၊ စင်္ကာပူဒေါ်လာ (၆၀၀၀) ခန့် တန်ဖိုးရှိ ပညာသင်ထောက်ပံ့ကြေးကို ဖေါ်ဖေါ်ဝါရီ (၁၇)ရက်နေ့  နံနက် (၁၀)နာရီမှ ညနေ(၄)နာရီ အထိ ကျင်းပမည့် Singapore Education RoadShow တွင် လာလျှောက် ထားနိုင် မည်ဖြစ် ကြောင်းသိရသည်၊၊
၁၉၇၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော University of Buckingham သည် UK ၏တစ်ခုတည်းသော Independent Chartered University တစ်ခုဖြစ်ပြီး၊ နောက်ဆုံးထုတ် The Times Good University Guide 2012 တွင် ဘွဲလွန်ပို့ ချ ခြင်းနှင့်ပတ်သက်၍ နံပါတ်(၁) သတ်မှတ်ခြင်းခံရပြီး၊ ယခုခါ (၁၅) လမှ (၁၈) အထိကြာမြင့်နိုင်မည့် MBA ပရိုဂရမ်ကို မြန်မာနိုင်ငံမှကျောင်းသားများ စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်၊၊ အဆိုပါ MBA ကို စင်ကာပူနိုင်ငံတွင်တက် ရောက်ရ မည်ဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ၏ National body for sales and marketing ဖြစ်သော Marketing Institute of Singapore တွင်လေ့လာသင်ယူရမည်ဖြစ်ပါသည်၊၊